ငယ်ငယ်တုန်းက စာဖတ်တာကို အရမ်းဝါသနာ ပါခဲ့ပါတယ်။ နောက် ပန်းချီဆွဲတာပေါ့နော်။ စာဖတ်တာ ၀ါသနာပါသလို ကိုယ်ကြိုက်တဲ့ စာအုပ်လေးတွေ တွေ့  ရင်လည်း သိမ်းထား တတ်ခဲ့တယ်။ တဖြေးဖြေး ကြီးလာတော့ စာဖတ်ဝါသနာ ပိုလာခဲ့သလိုပဲ စာပေတွေကိုလည်း သူ့ လိုင်းနဲ့  သူ ခွဲပြီး ဖတ်တတ် လာတယ်။ ဒီလို ၀ါသနာ ပါတာတွေဟာ ဖေဖေ့ရဲ့ အမွေတွေပါပဲ။ ဖေဖေက သာမန် ဘွဲ့ ရပညာတတ် တစ်ဦးဖြစ်ခဲ့ပေမဲ့ ကျွန်တော်တို့  မောင်နှစ်မတွေ အပေါ်မှာ စာပေနဲ့  ရင်နှီးမှု ရှိအောင် ငယ်ငယ်ကတိုင် လေ့ကျင့်ပေးခဲ့တယ်။ ဒီလိုနဲ့  စာအုပ်တွေ ဖတ်ရင်း ကြိုက်တာလေးတွေ တွေ့ ရင် ၀ယ်စုရင်းနဲ့  ကျွန်တော့် အခန်းလေးမှာ စာအုပ်တွေ တော်တော် များလာခဲ့ပါတယ်။ နောက်ပိုင်း အိမ်မှာ ကိုယ်ပိုင် စာကြည့်တိုက်လေး ၁ ခု လုပ်ဖြစ်ခဲ့တဲ့အထိ ပါပဲ။ အခု အမိမြေနဲ့  ခွဲခွာလာရတော့ အိမ်က စာကြည့်တိုက်လေးကို လွမ်းတယ်။ စာအုပ်တွေကို သတိရတယ်။ ဒါနဲ့  Online မှာ စာအုပ်နဲ့ ပါတ်သတ် တာတွေ ရှာရင်းနဲ့  ကွန်ပျူတာ နဲ့ ဖတ်လို့ ရတဲ့ E-book လေးတွေ ရလာတော့ ၀ါသနာအရ ဖတ်လိုက် သိမ်းထားလိုက်နဲ့  ကျွန်တော့ ကွန်ပျူတာ HD လေးထဲမှာ စာအုပ်တွေ အများဆုံး နေရာ ၀င်ယူခဲ့ပါတယ်။ အဲ့လိုနဲ့  အွန်လိုင်းမှာ ဘယ်လို ဝေမျှရင် ကောင်းမလဲဆိုတာ စဉ်းစားရင်း ကိုယ်ပိုင် Website လေး တစ်ခုလောက် လုပ်ပြီး စာအုပ်တွေ ဖြန့် ဝေရင် ကောင်းမယ်လို့  စဉ်းစားမိလာတယ်။ ဒီလိုနဲ့  Web ပိုင်းဆိုင်ရာတွေ လေ့လာဖြစ်ခဲ့တယ်။ ကွန်ပျူတာဆိုတာ ဒီနိုင်ငံရောက်မှ ကိုင်ခဲ့ဖူးတဲ့ ကျွန်တော် Web ပိုင်းဆိုင်ရာ နည်းပညာ လေး မတောက် တခေါက်နဲ့  ကိုယ်ပိုင် Blog လေးတစ်ခု လုပ်ဖြစ်ခဲ့ပါတယ်။ အဲဒါပေမဲ့ မြန်မာ နိုင်ငံကနေ Blog တွေ ဖွင့်မရဘူးဆိုတော့ ……။ နောက်ထပ် ရနိုင်မဲ့ နည်းတွေ ရှာရတာပေါ့ဗျာ။ ကိုယ်အဓိက Share လုပ်ချင်တာက ကိုယ့် မြန်မာလူမျိုးတွေကိုလေ။
|
အဲ့လို လုပ်မယ်ဆိုတော့ Hosting တို့ Domain တို့ ဆိုတဲ့ စာလုံးတွေ နဲ့ရင်နှီးခဲ့ပါတယ်။ အဲ့ဒါတွေကလည်း ပိုက်ဆံနဲ့ ဝယ်ရတာ ဆိုတော့ Free ရနိုင်မဲ့ နေရာ ရှာရင်းနဲ့ http://byethost.com/ ဆိုတာလေးကို တွေ့  ပါတယ်။ အဲ့ဒီမှာပဲ Free Domain လေးနဲ့  စကားဝါမြေ ရဲ့ အုတ်မြစ်လေး http://sagarwarmyae.22web.net/ (ဒီဆိုဒ်လေးကို စတင်ခဲ့ရာမှာ အကိုဝင်းမြင့် http://thitsartayar.dhammathukha.com/ နဲ့  The Grade http://mmcybermedia.com/ တို့ ရဲ့ ကူညီမှုတွေ အများကြီး ရယူခဲ့ပါတယ်ခင်ဗျာ။ အကိုတို့ ကို လည်းဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောပါရစေ။) ကို စတင်ခဲ့မိပါတယ်။
ဒါပေမဲ့ ဆိုဒ်တစ်ခုကို ဖွင့်ရတာအချိန်တော်တော်လေး ကြာပါတယ်။ လုပ်သာလုပ်နေရပေမဲ့ ဘယ်လိုမှ အားမရခဲ့ပါဘူးခင်ဗျာ။ ဒါနဲ့Wordpress ဆိုဒ်တွေကို Free Host ပေးနေတဲ့ Myanmar Genius ရဲ့ အစီအစဉ် လေးကို သဘောကျတာနဲ့ အဲ့ဒီနေရာလေးမှာ http://lover.mmgenius.com/ ကို တည်ဆောက်ပြီး အင်ဂျင်နီယာနဲ့ ပါတ်သတ်တဲ့ Ebook တွေ ဆေးပညာနဲ့  ဆိုင်တဲ့ Eboook တွေကို မျှဝေဖြစ်ခဲ့ပါတယ်။ အဲ့ဒီဆိုဒ်ကို http://www.blackdream21.com/ ကိုဘလက်တို့  ဦးဆောင်ပြီး လုပ်ခဲ့တာပါ။ မြန်မာလူမျိုး အချင်ချင်း အခုလို ငွေကုန်ကြေးကျ ခံကာ နည်ပညာတိုးတက်အောင် ကူညီတဲ့ MMGENIUS အဖွဲ့ လေးကြောင့် http://lover.mmgenius.com/ဆိုတာလေး ပေါ်ပေါက် လာခဲ့ပြီး လူသိများ ခဲ့ပါတယ်။ နည်းပညာစာအုပ် တွေ Share လုပ်ပြီးတဲ့ အခါ မြန်မာ စာအုပ်တွေကို ထပ်ပြီး မျှဝေချင်တာ နဲ့  အခု ဆိုဒ်ကို စတင်ခဲ့တာပါ ခင်ဗျာ။ အခု ဒီဆိုဒ်လေးမှာ ကျွန်တော်လက်လှမ်းမှီသလောက် စာအုပ်တွေ ကိုတင် ပေးသွားပါမယ် ခင်ဗျာ။ |